ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
Post date: Mon, 07/16/2018 - 20:54

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကားပြော ကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိအား လက်ခံတွေ့ဆုံ
Post date: Mon, 07/16/2018 - 20:41

နေပြည်တော် ဇူလိုင် ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယနေ့ညနေ ၄ နာရီတွင် လက်ခံတွေ့ဆုံသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အားလက်ခံတွေ့ဆုံ
Post date: Mon, 07/16/2018 - 20:18

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Post date: Mon, 07/16/2018 - 20:10

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ဂျပန် နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E.Mr.Hiroto IZUMI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုး နိုင်မည်ဖြစ်၍ ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းချုပ်ဆိုနိုင်မည်
Post date: Mon, 07/16/2018 - 19:51

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က တင်သွင်းခဲ့သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတို့မှ အချက်ပေါင်း ၁၄ ချက်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ငါးဖွဲ့က ဆက်လက်ဆွေးနွေး ခဲ့ရာ ၁၄ ချက်လုံး သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

1
2
3
4
5
6
7

MRTV News

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ယနေ့အစည်းအဝေးသို့ ကြွရောက်လာကြတဲ့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ၊ ဗဟိုကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၊ တတိယအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ များမှခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပမှအထူးဧည့်သည်တော်များ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများ၊ လေ့လာသူများနှင့်ဧည့်သည်တော်များအားလုံး၊ နိုင်ငံတစ်ဝှမ်းနဲ့ နိုင်ငံရပ်ခြားနေရာ အနှံ့အပြားကနေ ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

မြန်မာနိုင်ငံ၏ ပုံရိပ်ကို ရုပ်ရှင်အတတ်ပညာဖြင့် မြှင့်တင်ပေးနိုင်ရန်နှင့်  မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း   ဖွင့်လှစ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအတွက် Outdoor ရိုက်ကူးရေးနှင့် Indoor ရိုက်ကူးရေးဆောင်ရွက် နိုင်သည့် နေရာအား နေပြည်တော် တွင် ဆောင်ရွက်စေလိုကြောင်း။

နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။