မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း နှစ်လယ် အစည်းအဝေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းခွဲ၏ ပထမအကြိမ် ညီလာခံကျင်းပ
Post date: Mon, 06/18/2018 - 03:56

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း နှစ်လယ်အစည်းအဝေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းခွဲ၏ ပထမအကြိမ် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Post date: Mon, 06/18/2018 - 03:48

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြူးမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဖြူးမြို့နယ် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မိုးကြီးပြီး ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြုပ်ခဲ့ရသည့် မွန်ပြည်နယ်အတွင်း လိုက်လံကြည့်ရှုပြီး အားပေးထောက်ပံ့မှုများ ပြုလုပ်
Post date: Mon, 06/18/2018 - 03:43

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်နှင့် မုတ္တမမြို့များမှ ရေကြီးနစ်မြုပ် ပျက်စီးသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန် ဘူတာကြီးမှ တညင်းကုန်း ဘူတာအထိ လမ်းပိုင်းစစ်ဆေး
Post date: Mon, 06/18/2018 - 03:40

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် RBE ရထားဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်း အတွင်းရှိ ရန်ကုန် ဘူတာကြီးမှ တညင်းကုန်း ဘူတာအထိ လမ်းပိုင်း ပြုပြင် ဆောင်ရွက် ထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။     

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အင်းလေးကန် ရေဝေရေလဲဧရိယာနှင့် ဌာနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Post date: Mon, 06/18/2018 - 03:36

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ အင်း တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့နှင့်အတူ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အင်းလေးကန်ရေဝေရေလဲ ဧရိယာအတွင်း နုန်းပို့ချမှု လျော့နည်းစေရေးအတွက် နုန်းတားတမံ တည်ဆောက်နေမှု အခြေအနေ၊ ရေဝေရေလဲစိုက်ခင်း တည်ထောင် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများနှင့် စက်မှု သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး
Post date: Mon, 06/18/2018 - 03:29

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇွန်(၁၅)ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ စက်မှုသင်တန်းကျောင်း (ဆင်တဲ)သို့ရောက်ရှိပြီး တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ သက်မွေးဝမ်းကျောင်း ပညာကို အဆင့် အတန်းမခွဲခြားပဲ လက်တွေ့ကျကျ ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပို့ချပေးရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့် အညီ အစဉ်ပြုပြင်ပြီး ကျွမ်းကျင်ဝန်ထမ်းများ အဖြစ် လေ့ကျင့် သင်ကြားပေးရန်၊ စာတွေ့နှင့်လက်တွေ့ကို ပေါင်းစပ်၍ သင်တန်းခန်းမတွင်းမှ အစပြု၍ လက်တွေ့ လုပ်ငန်းခွင်အထိ ကွင်းဆင်း သင်ကြား ပို့ချရန်၊ သင်တန်း ဆရာ/ဆရာမများ ကိုယ်တိုင်ပါဝင် လေ့ကျင့်စေခြင်းဖြင့် လက်တွေ့ ကျွမ်းကျင်သူများကို သင်ကြား မွေးထုတ်နိုင်မည် ဖြစ်ကြောင်း မှာကြားပြီး သင်တန်းခန်းမများ၊ အလုပ်ရုံများသို့ လှည့်လည် ကြည့်ရှု၍ လိုအပ်ချက်များကို ပံ့ပိုး ဖြည့်ဆည်းပေးခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံတည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Post date: Mon, 06/18/2018 - 03:25

ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံတည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင်  ရွှေတိဂုံစေတီတော် ဂေါပကရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

1
2
3
4
5
6
7

MRTV News

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ယနေ့အခမ်းအနားသို့ ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များနဲ့ လုပ်ငန်း ကော်မတီဝင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

နေပြည်တော်၊ ဧပြီ ၅

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင်လူမှုကူညီရေး ဖောင်ဒေးရှင်းကလှူဒါန်းသည့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ အားလုံး မြန်မာ့နှစ်သစ်မင်္ဂလာ အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ နားလည် စာနာမှု၊ ခွင့်လွှတ်သည်းခံမှု၊ အပြန်အလှန် လေးစားမှုများကို အခြေခံပြီး ပြည်ထောင်စု စိတ်ဓာတ် ကို အရင်းတည်ကာ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

မြန်မာနိုင်ငံ၏ ပုံရိပ်ကို ရုပ်ရှင်အတတ်ပညာဖြင့် မြှင့်တင်ပေးနိုင်ရန်နှင့်  မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း   ဖွင့်လှစ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအတွက် Outdoor ရိုက်ကူးရေးနှင့် Indoor ရိုက်ကူးရေးဆောင်ရွက် နိုင်သည့် နေရာအား နေပြည်တော် တွင် ဆောင်ရွက်စေလိုကြောင်း။

နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။