MOI အကြောင်း

Tue, 03/19/2013 - 10:42 -- admin

 
ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဝန်ကြီးရုံး လက်အောက်တွင် ဦးစီးဌာန နှစ်ခုနှင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းကို တာဝန်ခံခြင်း၊ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းများကို လမ်းညွှန်ကွပ်ကဲခြင်း တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ လက်အောက်ခံ စီးပွားရေးလုပ်ငန်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။ လက်အောက်ခံ ဦးစီးဌာနနှင့် လုပ်ငန်းများမှာ အောက်ပါတို့ ဖြစ်ကြသည်-

 (က) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  (Myanma Radio and Television) 

(ခ) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Information and Public Relation Department)   

(ဂ) ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန   (Printing and Publishing Department)   

(ဃ) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း   (News and Periodicals Enterprise)

 

ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်

 
(က) နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် အကောင်အထည်ဖော်ရန်ရှိသည့် လုပ်ငန်းတာဝန်များ ရေတို၊ ရေရှည် လုပ်ငန်းများကို ပြည်သူများအား ပြန်ကြားအသိပေးရန်။ (Information)
   
(ခ) လူထုဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု၍ ပညာပေးစည်းရုံး လှုံ့ဆော်ရန်။(Education)

(ဂ) ပြည်သူလူထုအား ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ဖျော်ဖြေပေးရန်။ (Entertainment)

 

 

MRTV feeds