နေ့စဉ်မိုးလေဝသသတင်း
Post date: Sun, 08/19/2018 - 22:02

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဆက်လက်တည်ရှိနေပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေပါသည်။

မှော်ဘီစိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနား တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်
Post date: Sun, 08/19/2018 - 22:01

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့ဩဘာ လုပ်ငန်းစုတို့ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မှော်ဘီစိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ အဆိုပါ စက်ရုံဝင်းအတွင်း ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများကို ထောက်ပံ့
Post date: Sun, 08/19/2018 - 22:00

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နှင့် ကျောက်ကြီးမြို့များသို့ ရောက်ရှိ ပြီး မသန်စွမ်းသူများကို အားပေးထောက်ပံ့ခြင်း အခမ်းအနား များသို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ရောက်ရှိ
Post date: Sun, 08/19/2018 - 21:59

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ သွားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် နေပြည်တော်မှထွက်ခွာ
Post date: Sun, 08/19/2018 - 21:58

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွား သည်။

အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ် ဆန်အရန်ရိက္ခာ စီမံကိန်း သဘောတူညီချက်အရ သဘာဝ ဘေးသင့် ပြည်သူများအတွက် APTERR ဆန်ရိက္ခာ အထောက်အပံ့ စီစဉ်ဆောင်ရွက်
Post date: Sun, 08/19/2018 - 21:57

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုတွင် ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန် ရိက္ခာ အစီအစဉ် (၃)အရ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ တန်ချိန် ၅၀ ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအခြေစိုက် APTERR အတွင်းရေးမှူးရုံး အကြီးအကဲ နှင့် အလှူရှင် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Post date: Sun, 08/19/2018 - 21:56

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

1
2
3
4
5
6
7

MRTV News

 

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ဒီကနေ့ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အသင်းကြီး ထူထောင်တာ ၅၁ နှစ်ပြည့်မြောက်တဲ့ အခါသမယဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်းကြီးဟာ ဒေသတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူသန်းပေါင်း ၆၀၀ ကျော်အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်၊ရည်မှန်းချက်နှင့် ယုံကြည်မှုတွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျက်ရှိပါတယ်။ ယနေ့ကျရောက်တဲ့အထိမ်းအမှတ်အခါသမယမှာ မြန်မာနိုင်ငံအတွင်းနဲ့ အာဆီယံဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်းဟာ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံး အတွက် အခုအချိန်အခါမှာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်လာပါတယ်။ ရှေးပဝေသဏီ ကတည်းက စပြီးတော့ ခရီးထွက်တယ်ဆိုတာရှိခဲ့ပါတယ်။ ဟိုရှေးရှေးတုန်းက ခရီးထွက် တယ်ဆိုတာ ကုန်သည်တွေ ထွက်ကြတာပါ။ အများအားဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီး ထွက်ကြတာရှိပါတယ်။ မိမိတို့ဆန္ဒအရ စီးပွားရှာဖို့မဟုတ်ဘဲ သက်သက်ထွက်တယ် ဆိုတာ ပထမဦးဆုံးကတော့ ပညာဗဟုသုတ ရှာတဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။ စွန့်စား မှုတွေကို ရှာတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

ရုပ်ရှင်အဆင့်အတန်းမြင့်မားခြင်း၊ မမြင့်မားခြင်းသည် အများပြည်သူအတွက် အကျိုး ဖြစ်ထွန်းခြင်း၊မဖြစ်ထွန်းခြင်းနှင့် ဆက်စပ်နေသည်ကို စဉ်းစားကြည့်လျှင်သိမြင်နိုင်ပါကြောင်း။

နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။