သတင်းများ

Post date: 05/09/2019 - 21:50

ရန်ကုန်မြို့အခြေစိုက် နော်ဝေနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် နော်ဝေနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကိုယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

Post date: 05/09/2019 - 21:39

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့်အဖွဲ့သည်  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် (Philippines Competition Commission-PCC) သို့ ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လေ့လာနိုင်ရန် မေ ၇ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသည်။

Post date: 05/09/2019 - 21:23

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၈ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော် ရှိ ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 05/09/2019 - 21:13

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူယနေ့ မွန်းလွဲပိုင်း တွင် မကွေးမြို့ခန်းမ၌ မကွေးဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

Post date: 05/09/2019 - 20:55

 ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား ယနေ့ ညပိုင်းတွင် မကွေးတိုင်းဒေသကြီး စုပေါင်းရုံး အစည်းအဝေးခန်း မ၌တွေ့ဆုံသည်။

Post date: 05/09/2019 - 20:30

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့သည် ယနေ့ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံသည်။

Post date: 05/09/2019 - 19:47

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေ (၈)ရက်၊ ညနေပိုင်းတွင် Parkroyal Hotel၊ နေပြည်တော်၌ ကျင်းပသော ဒုတိယ အကြိမ် ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၏ အလုပ်သဘောညစာစားပွဲသို့ တက်ရောက်သည်။

Post date: 05/09/2019 - 19:36

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေး (၁၃/၂၀၁၉) ကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 05/09/2019 - 19:10

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 05/09/2019 - 18:44

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန ၊ ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင်မှ တာဝန်ယူ ဆောင်ရွက်နေသော ကြာအင်းဆိပ်ကြီး - တဂေး - ခုတ်ခွား - ကျိုက်ဒုံ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း 1km အနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

Pages