သတင်းများ

Post date: 05/10/2019 - 16:45
<p class="rtejustify">ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖူးကျောင့်နှင့် ဇနီးတို့၏ ဖိတ်ကြား ချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင် အလုပ်သဘောခရီး သွားရောက်ရန်နှင့် ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားသည်။</p>
 
Post date: 05/10/2019 - 12:28
<p>အင်းလေး ဒေသရှိ အင်းပေါခုံကျေးရွာသည် ကြာဖြင့်ရက်လုပ်သော အဝတ်အထည်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နေသည့် ကျေးရွာဖြစ်သည်။ ကြာချည်ရက်ကန်းပညာသည် မပျောက်မပျက် ထိန်းသိမ်းသင့်သော မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်သည်။</p>
 
Post date: 05/10/2019 - 11:13

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Johan Cels တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

Post date: 05/10/2019 - 11:11

နေပြည်တော် မေ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် ယနေ့ မွန်းလွဲ ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာ ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင် ရွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံရေးအတွက် မြန်မာ နိုင်ငံမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကပင် အဆင်သင့်လက်ခံနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ကယ်ဆယ်ရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသား အဆင့် မဟာဗျူဟာအတည်ပြုရေး နောက်ဆုံးအခြေအနေ၊ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ (ERAT)၏ ပြန်လည်လက်ခံရေး အတွက် လိုအပ်ချက်ဆန်းစစ်မှု အစီရင် ခံစာအရ တွေ့ရှိချက်များတွင် ရခိုင် ပြည်နယ်တွင် မတူညီသည့် အသိုက် အဝန်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေသည်ကို တွေ့မြင်ရပြီး ယင်းအတွက် လူမှု-စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ဦးစားပေးဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြချက်များ၊ ဗြိတိန်သံအမတ်ကြီးက ကော့ဘဇားရှိ ဒုက္ခသည်များ အခြေအနေနှင့် ၎င်းတို့၏မျှော်လင့်ချက်များ၊ လူမှုသဟဇာတရရှိ ရေး ချဉ်းကပ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ဗြိတိန်နိုင်ငံမှ အကူအညီပေးနိုင်မည့် နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

သတင်းစဉ်

Post date: 05/10/2019 - 11:00

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဟုန်လျန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Post date: 05/10/2019 - 10:55

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ အာဆီယံ ယူ- ၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို မေ ၁၀ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် တီမောအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

Post date: 05/10/2019 - 10:52

အင်းလေး ဒေသရှိ အင်းပေါခုံကျေးရွာသည် ကြာဖြင့်ရက်လုပ်သော အဝတ်အထည်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နေသည့် ကျေးရွာဖြစ်သည်။ ကြာချည်ရက်ကန်းပညာသည် မပျောက်မပျက် ထိန်းသိမ်းသင့်သော မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်သည်။

Post date: 05/10/2019 - 10:32

၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

Post date: 05/09/2019 - 21:54

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရခိုင်နိုင်ငံ ရေးပါတီများ၊ ရခိုင်အသင်းအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်များနှင့် ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။

Pages