ပူတာအို

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကချင်ပြည်နယ်ရှိ အခြေခံ ပညာရေးမိသားစုများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကချင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ဝင်း၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီး ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း တို့နှင့်အတူ နံနက် မတ် ၁၈ ရက် ၁၁ နာရီခွဲတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကချင်ပြည်နယ် အခြေခံပညာရေး မိသားစုများနှင့် တွေ့ဆုံသည်။

တောင်ပေါ်ဒေသက ကလေးတွေကို ဂရုစိုက်ပြီး စာပေပွဲတော် လာရောက်ကျင်းပပေး တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

ကလေးစာပေပွဲတော်(ပူတာအို) သို့ လာရောက်နွှဲပျော်ကြသူအချို့၏ စကားသံများကို ပြန်လည်တင်ပြ လိုက်ပါသည်-

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းခန်းမ၌ အစိုးရ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပူတာအိုခရိုင်နှင့် မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ပူတာအိုမြို့၌  ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ပူတာအိုခရိုင်နှင့် မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်စစ်ဆေး

ကချင်ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရန် ပူတာအိုမြို့တွင် ရောက်ရှိနေ သော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ယမန်နေ့ နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ ပြည်သူ့ဆေးရုံသို့ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပူတာအို၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဂွေဇ - ဆန်းလွတ်ချက် တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် နောင်မွန်၊ မချမ်းဘော့နှင့် ပူတာအို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်လင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ပူတာအိုလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပူတာအိုဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ရောက်ရှိပြီး အထက်နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား စမ်းသပ် ထုတ်လွှတ်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဝိုင်းမော်မြို့နယ်အတွင်းရှိ စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများအား တောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်သည်။

Subscribe to RSS - ပူတာအို