အဆောက်အအုံဟောင်း(2) Lot ကို ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Thu, 12/13/2018 - 05:15 -- admin

ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

အဆောက်အအုံဟောင်း(2) Lot ကို ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၂၇)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ မြေဧရိယာ(၀.၄၇၂)ဧကပေါ်ရှိ အသုံး မလိုသည့် အဆောက်အအုံဟောင်း (1)Lot နှင့် လားရှိုးမြို့၊ အမှတ်(၅၁)၊ လမ်းမတော်လမ်းနှင့် ဟံသာဝတီလမ်းထောင့်၊ အမှတ်(၃)ရပ်ကွက်၊ မြေဧရိယာ(၀.၁၉၁)ဧကပေါ်ရှိ အသုံးမလိုသည့် အဆောက်အအုံဟောင်း (1)Lot တို့ကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။

၂။      အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၃- ၁၂ - ၂၀၁၈)ရက်နေ့မှ (၂၆- ၁၂ - ၂၀၁၈) ရက်နေ့အထိ ရုံးဖွင့်ချိန် (၀၉: ၃၀)နာရီမှ (၁၆: ၃၀)နာရီအတွင်း အောက်ပါလိပ်စာတွင် တင်ဒါပုံစံ များကို တစ်စောင်လျှင် ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။

၃။      ဈေးနှုန်းကမ်းလှမ်းလွှာများကို (၂၆- ၁၂ - ၂၀၁၈)ရက်နေ့ (၀၉: ၃၀)နာရီမှ (၁၆: ၃၀) နာရီအတွင်း အောက်ဖော်ပြပါလိပ်စာသို့ လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။      အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်း-၀၈၁- ၂၁၂၁၁၃၆၊ ၀၈၂- ၂၆၁၉၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။